ဂျပန်စာဘာသာသင်ကျောင်း

ဂျပန်စာသင်တန်းကျောင်းနဲ့ အမျိုးအစားများ

ဂျပန်အဆင့်မြင့်ပညာရေးအဖွဲ့အစည်းကိုတတ်ရောက်ချင်သော ပြည်ပကျောင်းသားများဟာ ဂျပန်စာကိုသင်ကြားဖို့အတွက် ဂျပန်စာသင်ကျောင်း ဒါမှမဟုတ် ပြည်ပကျောင်းသားသီးသန့် ဂျပန်ဘာသာစကားနှင့်အခြားဘာသာရပ်ကျောင်းကို တတ် ရောက်ရမှာဖြစ်ပါတယ်။ ဂျပန်စာကျောင်းဟာ ဘွဲ့လွန်ကျောင်းများနဲ့ အမျိးမျိုးသောကျောင်းများကို စပ်ဆက်ပြီး ပြည်ပကျောင်း သားများဟာ ပုဂ္ဂလိက တက္ကသိုလ်၊ ကောလိပ်များသို့ပြောင်းလဲတတ်ရောက်နိုင်ပါတယ်။ ဒါ့အပြင် ဂျပန်ရဲ့လူနေမှုဟာ အဆင်မြင့် ပညာရေးကိုသင်ကြားရန် အတွက် ဂျပန်စာအရည်အချင်း လိုအပ်ပါတယ်။ ဂျပန်စာသင်ကာလမှာတော့ နှစ်ဝက်တန်း ကနေ(၂)နှစ်ထိရှိပြီး ပြည်ပကျောင်းသားသီးသန့်ကျောင်းများကတော့ (၁)နှစ် ပဲဖြစ်ပါတယ်။ ပြည်ပကျောင်းသား များ၏ရည်မှန်းချက်ဖြစ်သော နေထိုင်ခွင့်လျှောက်ထားခြင်းကတော့ အစိုးရကအသိအမှတ်ပြုထားသော ဂျပန်စာသင်တန်း ကျောင်း မှာဝင်ရောက်ဖို့လိုအပ်ပါတယ်။

 

ဂျပန်စာကျောင်းများကိုဝင်ရောက်ရန်လိုအပ်ချက်များ

ပည်ပကျောင်းသားများက ဂျပန်ရဲ့အထက်တန်းပညာရေးကိုသင်ကြားချင်တယ်ဆိုရင်တော့ သတ်မှတ်ချက်ကတော့ (၁၈) နှစ် ပြည့်ပြီး အမိနိုင်ငံတွင် အတန်းပညာ (၁၂) တန်းသင်ကြားတတ်မြောက်ပြီးဆုံးဖို့လိုပါတယ်။ အထက်ပါအချက်အလက်နဲ့ကွဲပြား နေတယ်ဆိုရင်တော့ ပြည်ပကျောင်းသားအတွက်တက္ကသိုလ်ဝင်ခွင့်အသိအမှတ်ပြုလက်မှတ်များရရှိရန် ကြိုတင်ပြင်ဆင်ဖို့ တော့လိုအပ်ပါတယ်။

 

ဂျပန်စာကျောင်းများရဲ့ သင်ကြားခြင်းဆိုင်ရာအကြောင်းအရာ

ဂျပန်စာကျောင်းများမှာတော့ အဆင်မြင့်ပညာရေးသင်တန်းများကို တတ်ရောက်နိုင်ရန် လိုအပ်သော ဂျပန်အရည်အချင်း ရရှိရန်အတွက် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ(JLPT: Japanese Language Proficiency Test)ဒါမှမဟုတ် ဂျပန်ပြည်ပကျောင်းသားစာမေးပွဲ (EJU: Examination for Japanese University Admission for International Students)တို့ကိုဖြေကြားနိုင်ရန် သင်ကြားပေးရမည်ဖြစ်ပါတယ်။ ဒါအပြင် ဂျပန်ရဲ့ယဉ်ကျေးမှု၊ အခြေခံပညာနဲ့ ၀င်ခွင့်စာမေးပွဲ များအတွက်လေ့ကျင်သင်ကြားခြင်းများကိုသင်ကြားပေးရတယ်။

PAGETOP