အသိအမှတ်ပြုလက်မှတ်စာမေးပွဲ၊ သိကျွမ်းခြင်းအတတ်ပညာနှင့်နည်းပညာ

ပြည်ပကျောင်းသားများအတွက်သတ်မှတ်ထားသော ဂျပန်စာစွမ်းရည်

ကုမ္ပဏီများမှအသိအမှတ်ပြုသောဂျပန်စာစွမ်းရည်

ကုမ္ပဏီများက နိုင်ငံသားကျောင်းသားများကို ခေါ်ယူခန့်ထားရန်လိုအပ်သော ဂျပန်စာအရည်းအချင်းကို စစ်ဆေးလေ့လာချက် များအရ တဖက်လူရဲ့စဉ်းစားမှုကိုနားလည်နိုင်မှု နှင့် ကိုယ့်ရဲ့ စဉ်းစားမှုကို ပြောပြနိုင်သော အရည်းအချင်းဟာ ထိပ်တန်းတွင် ပါဝင်လာခဲ့ပါတယ်။ ဒါအပြင် TPO နှင့် လူမှုဆက်ဆံရေးကိုအာရုံစူးစိုက်မှုစနစ်တကျစဉ်းစားဖော်ပြနိုင်စွမ်းတို့ပဲဖြစ်ပါတယ်။
ဒါ့အပြင် ဂျပန်ကုမ္ပဏီများဟာ ပြည်ပကျောင်းသားများရဲ့ ဂျပန်စာအရည်အချင်းကိုဆုံးဖြတ်ရာ၌ အောက်ပါ စာမေးပွဲများရဲ့ ရလဒ်ကိုထည်းသွင်းစဉ်းစားကြပါတယ်။

  • ဂျပန်စာအရည်ချင်းစာမေးပွဲ(JLPT)
  • ဂျပန်နိုင်ငံခြားကျောင်းသားစာမေးပွဲ(EJU)
  • BJTစီးပွားရေးဂျပန်စာအရည်ချင်းစာမေးပွဲ

 

နိုင်ငံခြားကျောင်းသားများအတွက်ဖြေကြားထားရမဲ့လက်မှတ်များ

အလုပ်လုပ်ကိုင်ရာ၌လိုအပ်သော ဂျပန်စာစွမ်းရည်မှာ JLPT「N2」ထက်ပို

စစ်ဆေးလေ့လာမှုများအရ ဂျပန်စာစွမ်းရည် (JLPT)နဲ့ပတ်သက်ပြီး ကုမ္ပဏီ(၈၃)ရာခိုင်နှုန်းကျော်က 「N1」ဖြစ်ကြပြီး (၉) ရာခိုင်နှုန်းများတော့ 「N2」လက်မှတ်ရရှိပါက လက်ခံကြပါတယ်။ BJT စီးပွုားရေးဂျပန်စာစွမ်းရည်စာမေးပွဲကတော့ အမှတ် (၅၀၀) ကျော်နှင့် (J2) ကျော်ရပါမယ်။ ဂျပန်စာစာမေးပွဲ ရလဒ်ပေါ်မှာကြည့်ပြီးရွေးချယ်တဲ့ ကုမ္ပဏီ(၂၀)ရာခိုင်နှုန်းထက်များ တာအမှန်ပင်ဖြစ်ပါတယ်။ တနည်းအားဖြင့် အလုပ်လုပ်ကိုင်နေကြသော (၉ ၀) ရာခိုင်းကျော်မှာ JLPT「N1」「N2」ကိုပိုင် ဆိုင်ကြပါတယ်။ ပြန်လည်ပြောရမယ်ဆိုရင် ဂျပန်ကုမ္ပဏီများရဲ့ အလုပ်ခန့်ထားခြင်းဖြစ်စဉ်ဟာ အင်တာဗျုးခြင်းဟာ သတ်မှတ် ချက်ဖြစ်ပါတယ်။ တကယ်ကို လက်တွေ့တွေ့ကြုံပြီးစကားပြောကြည့်ပြီး စီးပွားရေးအမြင်နဲ့ဂျပန်စာစွမ်းရည်ရှိလားဆိုတာကို သတ် မှတ်ကြပါတယ်။ ဒီထက်ပိုတာက နိုင်ငံခြားသားများကို လက်ခံတယ်ဆိုတာဟာ ဂျပန်စာစွမ်းရည်တခုတည်းမဟုတ်ဘဲ ဂျပန်စာ နှင့် မိမိနိုင်ငံစကားပါပြောဆိုနိုင်ပြီး ဘာသာစကားနှစ်မျိုးပြောဆိုနိုင်သောလူသားအရင်းအမြစ်သာဖြစ်ပါတယ်။ အမိနိုင်ငံစကား၊ ဂျပန်စကားအပြင် အင်္ဂလိပ်စကားပါပြောဆိုနိုင်ပါက ဘာသာမျိုးစုံပြောဆိုနိုင်သော လူသားအရင်းအမြစ်အဖြစ် ကြိုဆိုကြပြီး အောင်မြင်မှုပိုမိုရရှိကြပါတယ်။ အမျိုးမျိုးသောဘာသာစကားကို ပြောဆိုနိုင်သော အားသာချက်က ကုမ္ပဏီများ တွင် စွမ်းရည် ကိုပြသနိုင်သောရလဒ်ဖြစ်ပေါ်လာပါတယ်။

 

သာမန်အားဖြင့်ပုဂ္ဂလိကကုမ္ပဏီများမှလက်မှတ်သည်မလိုအပ်

ဂျပန်ရဲ့ ပုဂ္ဂလိကကုမ္ပဏီများဟာ ပြည်ပကျောင်းသားများကို အလုပ်ခန့်ထားတဲ့နေရာမှာ အနည်းငယ်သောလက်မှတ်များသာ ဖြစ်ကြပါတယ်။ ဂျပန်ကုမ္ပဏီများဟာ အမျိုးမျိုးသောပုံသဏ္ဍာန်ဖြင့် လေ့ကျင်ပေးနိုင်သော ၀န်ထမ်းအသစ်များကိုသာ သင် ကြား ပေးချင်ကြပါတယ်။ အလုပ်တွင်လိုအပ်သော လက်မှတ်များကိုလည်း အကြိမ်ကြိမ်ရယူကြစေပြီး ကုမ္ပဏီများကလဲ ထောက်ပံ့ပေးပါတယ်။ IT အလုပ်အကိုင်များအတွက်ကတော့ လိုအပ်သော လက်မှတ်များသာလက်ဝယ်ပိုင်ဆိုင်ပါက ကျောင်းနောက်ခံသမိုင်းသည် မလိုအပ်ပါ။ (Information-technology Promotion Agency, National Institute of Information and Communications Technology(IPA)「Procedures related to employment of foreign IT engineers in Japan」စသည်တို့ဖြစ်ပါတယ်။)

 

ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု၊ သူနာပြု ၊ ကားပြုပြင်ထိန်းသိမ်းခြင်းတို့တွင် လိုအပ်သော လက်မှတ်များ

ဆးဘက်ဆိုင်ရာအဖွဲ့အစည်းများမှာ အလုပ်လုပ်ကိုင်ချင်သောသူ၊ သူနာပြုလုပ်ချင်သောသူ ဒါ့အပြင် ကားပြုပြင်ထိန်းသိမ်းသူ အနေနဲ့အလုပ်လုပ်ကိုင်လိုသူ ဂျပန်အမျိုးသားလက်မှတ် (Japanese national qualification) လိုအပ်ပါတယ်။ ဂျပန်အမျိုး သားလက်မှတ်လိုအပ်သော အလုပ်အကိုင်များဟာအောက်ပါအတိုင်းဖြစ်ပါတယ်။

နယ်ပယ် နိုင်ငံသတိအမှတ်ပြုလက်မှတ်လိုအပ်အလုပ်အကိုင်များ
ဆေးဘက်ဆိုင်ရာ ဆရာဝန်၊ သူနာပြု၊ လက်ထောက်သူနာပြု၊ သွားဘက်ဆိုင်ရာဆရာဝန်၊ ခံတွင်းကျန်းမာရေးဆရာဝန်၊ ဆေးဝါးနှင့်ပြည်သူ ကျန်းမာရေးသူနာပြု၊ ဓါတ်ရောင်ခြည်ပညာရှင်၊ အင်ဂျင်နီယာ၊ နည်းပြဆရာမ ၊ ဘာသာပြန်
သူနာပြု သူနာပြု
မော်တော်ကားပြုပြင်ထိန်းသိမ်းခြင်း မော်တော်ကားပြုပြင်ထိန်းသိမ်းခြင်း(level 2 over)
PAGETOP