ဂျပန်ပညာရေး

မူလတန်းပညာရေးနှင့် အလယ်လတ်(secondary)ပညာရေး

ဂျပန်ရဲ့ပညာရေးစနစ်ဟာ (၆)နှစ်မှာကျောင်းစတင်တတ်ရောက်ရပြီး(၆)နှစ်ကြာ မူလတန်း၊ (၃)နှစ်ကြာ အလယ်တန်း၊ (၃)နှစ်ကြာအထက်တန်း ဟာ ပုံမှန်ပညာရေးပဲဖြစ်ပါတယ်။ အလယ်တန်းကျောင်းပြီးတဲ့နောက် အတန်းတက်တဲ့အချိန်မှာတော့ သာမာန်အထက်တန်းကျောင်း၊ အထူးပြုအထက်တန်းကျောင်း(၁နှစ်မှ၃နှစ်)၊ နည်းပညာအထူးပြုအထက်တန်းကျောင်းဆိုပြီး ရှိပါတယ်။ ဒါကြောင့်အလယ်တန်းအထိဟာအခြေခံသင်ကြားရမယ်ဖြစ်ပြီး ကျောင်းသားရဲ့ကိုယ်ရည်ကိုယ်သွေးနှင့်အရည်အ ချင်းများပေါ်မူတည်ပြီး ပုံမှန်သင်ကြားခြင်းနှင့် အလုပ်လုပ်ကိုင်ရန်အထူးပြုပညာရေးဆိုပြီးရှိပါတယ်။ ဂျပန်မှာ အလယ်တန်း ကျောင်းပြီးနောက်(၉၇)ရာခိုင်နှုန်းမှာအထက်တန်းကျောင်းကိုဆက်သွားကြပြီး အထူးပြုအထက်တန်းကျောင်း(၅)နှစ်နှင့် (၃)နှစ် ဆိုပြီးအသိများပါတယ်။

 

အထက်တန်းပညာရေး

အထက်တန်းကျောင်းပြီးနောက် တက္ကသိုလ်များ၊ အငယ်တန်းကောလိပ်နှင့် အထူးပြုကျောင်းများနှင့် အထက်တန်းအသက် မွေးဝမ်းကျောင်း (၄နှစ်သို့မဟုတ်၅နှစ်) စသည်ဖြင့်ရှိပါတယ်။ တက္ကသိုလ် (၄) နှစ် ဆေးပညာ (၆) နှစ် ကောလိပ် (၂) နှစ် အထူး ပြုကျောင်း (၁နှစ်မှ၎နှစ်) တို့ဖြစ်ပါတယ်။ ဒါ့အပြင် တက္ကသိုလ်များနှင့် အထူးပြုကျောင်းများပြီးဆုံးပါက ဘွဲ့လွန် (MSc, PhD) တန်း များကိုဆက်လက်တက်ရောက်နိုင်ပါတယ်။

 

အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၏လိုအပ်ချက်များနှင့် ကျောင်းဆင်းပွဲလိုအပ်ချက်များ

ပြည်ပကျောင်းသားများက ဂျပန်ရဲ့အထက်တန်းပညာရေးကိုသင်ကြားချင်တယ်ဆိုရင်တော့ သတ်မှတ်ချက်ကတော့ (၁၈) နှစ် ပြည့်ပြီး အမိနိုင်ငံတွင် အတန်းပညာ (၁၂) တန်းသင်ကြားတတ်မြောက်ပြီးဆုံးဖို့လိုပါတယ်။ ဘွဲ့လွန်တန်းသင်ယူဖို့ဆိုရင်တော့ တက္ကသိုလ်တခုခုကနေဘွဲ့ရရှိထားဖို့လိုပါတယ်။ အထက်တန်းအသက် မွေးဝမ်းကျောင်း ပြီးမြောက်သူများဆိုရင်တော့ ဘာသာရပ်ပြီးစီး ခြင်း အမှတ်စာရင်းနဲ့ သင်တန်းပြီးဆုံးထားခြင်းတို့လိုအပ်ပါတယ်။

 

ဂျပန်ကျောင်းဖွင့်ပွဲနှင့်ပိတ်ပွဲအချိန်

ဂျပန်ကျောင်းဟာပုံမှန်အားဖြင့် (၄) လပိုင်းကျောင်းစတက်ရပြီးနောက်နှစ်၁လပိုင်းပြီးဆုံးမှာဖြစ်ပါတယ်။ တက္ကသိုလ်နှင့် ဘွဲ့လွန် တွေကတော့ တချို့ (၉-၁၀လပိုင်း) လောက်စတက်ရပြီး ပုံမှန်အားဖြင့်ကတော့ ၄လပိုင်းလောက်စတင်ပြီး၃လပိုင်းပြီးဆုံး ပါတယ်။

PAGETOP
Back to top